Myanmar Version

ပဏာမဝတ်ပြုခန်း

ရဟန်း - ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌

ပရိတ်သတ် - အာမင်

 

ရဟန်း - ယေဇူးခရစ်တော်သခင်၏ ကျေးဇူးတော်၊ ဘုရားရှင်၏ မေတ္တာတော်နှင့် သန့်ရှင်ူသော ဝိညာဉ်တော်ဘုရား၏ မိတ်သဟာယတော်တို့သည် သင်တို့အားလုံးနှင့် ရှိပါစေ။

ပရိတ်သတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်းရှိပါစေ။

(သို့မဟုတ်)

ရဟန်း - ကျွန်ုပ်တို့ အဖခမည်းတော်ဘုရားနှင့် ယေဇူးခရစ်တော်သခင် ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့နှင့်ရှိပါစေ။

ပရိတ်သတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

(သို့မဟုတ်)

ရဟန်း - ဘုရားသခင်သည် သင်တို့နှင့် ရှိပါစေ။

ပရိတ်သတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

(သို့မဟုတ်)

ဆရာတော် - သင်တို့နှင့်အတူ ငြိမ်းချမ်းခြင်းရှိပါစေ။

ပရိတ်သတ် - ကိုယ်တော်၏ဝိညာဉ်နှင့်လည်း ရှိပါစေ။

 

နောင်တရခန်း

ရဟန်း - ညီအစ်ကိုမောင်နှမအပေါင်းတို့ မွန်မြတ်သော မစ္ဆားပူဇော်ခြင်း၌ ထိုက်တန်စွာ ပါဝင်ကျင်းပနိုင်ကြရန် ကျွန်ုပ်တို့၏ အပြစ်များကို စစ်ဆေး၍ ဝန်ခံကြစို့။

အားလုံး - ကျွန်ုပ်သည် စိတ်၊နှုတ်၊ အကျင့်တို့ဖြင့်လည်းကောင်း၊ ဝတ္တားပျက်ကွက်ခြင်းတို့ဖြင့်လည်းကောင်း၊ လွန်စွာအပြစ်ပြုမိကြောင်းကို၊ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်နှင့် အသင်ညီအစ်ကို မောင်နှမအပေါင်းတို့အား ကျွန်ုပ်ဝန်ခံပါသည်။ (ရင်ကိုခတ်လျက်) ကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်၊ ကျွန်ုပ်အပြစ်ကြီးလှပါသည်။ သို့ဖြစ်၍ မွန်မြတ်သော အစဉ်ကညာမာရီယာ၊ သိကြားရဟန္တာအပေါင်းတို့နှင့် အသင်ညီအစ်ကို မောင်နှမအပေါင်းတို့အား ကျွန်ုပ်အဖို့ ဘုရားရှင်ထံ ဆုတောင်းပေးကြပါမည့်အကြောင်း ကျွန်ုပ်တောင်းပန်ပါသည်။

 

ရဟန်း - အနန္တတန်ခိုးတော်ရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သနားတော်မူသဖြင့် အပြစ်များကို ခွင့်လွှတ်တော်မူ၍ ထာဝရအသက်ချမ်းသာသို့ ခေါ်ဆောင်တော်မူပါစေ။

ပရိတ်သတ် - အာမင်။

(သို့မဟုတ်)

ရဟန်း - ညီအစ်ကိုမောင်နှမအပေါင်းတို့ မွန်မြတ်သော မစ္တားပူဇော်ခြင်း၌ ထိုက်တန်စွာ ပါဝင်ကျင်းပနိုင်ကြရန် ကျွန်ုပ်တို့၏အပြစ်များကို စစ်ဆေး၍ ဝန်ခံကြစို့။

 

ရဟန်း - အိုဘုရားသခင် တပည့်တော်တို့ကို သနားတော်မူပါ။

ပရိတ်သတ် - အကြောင်းမူကား တပည့်တော်တို့သည် ကိုယ်တော်ရှင်အား ပြစ်မှားမိခဲ့ကြပါြပီ။

ရဟန်း - အိုဘုရားသခင် ကိုယ်တော်ရှင်၏ ကရုဏာတော်ကို တပည့်တော်တို့အား ပြတော်မူပါ။

ပရိတ်သတ် - ကိုယ်တော်ရှင်၏ ကယ်တင်တော်မူခြင်း မင်္ဂလာကို တပည့်တော်တို့အား ပေးတော်မူပါ။

ရဟန်း - အနန္တတန်ခိုးတော်ရှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို သနားတော်မူသဖြင့် အပြစ်များကို ခွင့်လွှတ်တော်မူ၍ ထာဝရအသက်များသာသို့ ခေါ်ဆောင်တော်မူပါစေ။

ပရိတ်သတ် - အာမင်။

(သို့မဟုတ်)

ရဟန်း - ညီအစ်ကိုမောင်နှမအပေါင်းတို့၊ မွန်မြတ်သော မစ္ဆားပူဇော်ခြင်း၌၊ ထိုက်တန်စွာ ပါဝင်ကျင်းပနိုင်ကြရန် ကျွန်ုပ်တို့၏အပြစ်များကို စစ်ဆေး၍ ဝန်ခံကြစို့။  

 

ရဟန်း - အနန္တတန်ခိုးတော်ရှင်ဘုရားသခင်သည် ကျွန်ုပ်တို့ကို သနားတော်မူသဖြင့် အပြစ်များကို ခွင့်လွှတ်တော်မူ၍ ထာဝရအသက်ချမ်းသာသို့ ခေါ်ဆောင်တော်မူပါစေ။

ပရိတ်သတ် - အာမင်။

 

အသနားတော်မြတ်ခံယူခန်း

ရဟန်း - ဘုရားသခင် သနားတော်မူပါ။

ပရိတ်သတ် - ဘုရားသခင် သနားတော်မူပါ။

ရဟန်း - ခရစ်တော်သခင် သနားတော်မူပါ။

ပရိတ်သတ် - ခရစ်တော်သခင် သနားတော်မူပါ။

ရဟန်း - ဘုရားသခင် သနားတော်မူပါ။

ပရိတ်သတ် - ဘုရားသခင် သနားတော်မူပါ။

 

ချီးမွမ်းထောမနာသီချင်း

ရဟန်း - အမြင့်ဆုံးသောအရပ်၌ ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်သည် ကြီးမြတ်တော်မူစေသတည်း။

အားလုံး - မြေကြီးပေါ်၌လည်း စိတ်ကောင်းနှလုံးကောင်းရှိသူတို့အား ငြိမ်းချမ်းခြင်းရှိစေသတည်း။ အိုအရှင်ထာဝရဘုရား၊ ကောင်းကင်ဘုံဘုရင်၊ အနန္တတန်ခိုးတော်ရှင် အဖခမည်းတော်ဘုရား၊ ကိုယ်တော်ရှင်ကို ချီးမွမ်းထောမနာပြုကြပါသည်။ ဩဘာမင်္ဂလာပေးကြပါသည်။ ရှိခိုးကိုးကွယ်ကြပါသည်။ ဘုန်းတော် ဂုဏ်တော်ကို ထောက်၍ကိုယ်တော်ရှင်အား ကျေးဇူးတင်ကြပါသည်။

အိုယေဇူးခရစ်တော်သခင်၊ ခမည်းတော်ဘုရား၏ တစ်ပါးတည်းသော သားတော်ဘုရား၊ လောကအပြစ်ကို ချွတ်တော်မူပေသော ဘုရား၏သိုးငယ်တော်၊ တပည့်တော်တို့ကို သနားတော်မူပါ။ လောကအပြစ်ကို ချွတ်တော်မူပေသောအရှင်၊ တပည့်တော်တို့ တောင်းလျှောက်ရာကို စံပယ်တော်မူသောသခင်၊ တပည့်တော် တို့ကို သနားတော်မူပါ။

အကြောင်းမူကား ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူပါ၏။ ကိုယ်တော်ရှင်တစ်ပါးတည်း သာလျှင် အရှင်သခင်ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် အမြင့်မြတ်ဆုံးဖြစ်တော်မူပါ၏။ အိုယေဇူးခရစ်တော်သခင်၊ ကိုယ်တော်ရှင်သည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့်တကွ ခမည်းတော် ဘုရား၏ ဘုန်းတော်ဂုဏ်တော်ဝယ်စံပယ်တော်မူပါ၏။ အာမင်။

 

စုပေါင်းဆုတောင်းပတ္တနာ

ရဟန်း - ဆုတောင်းကြစို့

ပရိတ်သတ် - အာမင်

 

ဘုရားသခင်၏ နှုတ်ကပါဌ်တော်အား ဝတ်ပြုခန်း

ပထမကျမ်းစာ ဖတ်ရှုခြင်း

ကျမ်းစာဖတ်သူ - ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

အားလုံး - ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

 

ဆာလံသီချင်း ဧကျူးခြင်း

ဒုတိယကျမ်းစာ ဖတ်ရှုခြင်း

ကျမ်းစာဖတ်သူ - ဘုရားသခင်၏ နှုတ်ကပါဌ်တော်ပေတည်း။

အားလုံး - ဘုရားသခင်အား ကျေးဇူးတင်ပါသည်။

အာလေလုယာသီချင်း

ဦးပဉ္စင်း - တပည့်တော်ကို ကောင်းချီးပေးတော်မူပါဘုရား။

ရဟန်း - ခမည်းတော်၊ သားတော် + သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌ သင်သည် ဧဝံဂေလိတရားတော်ကို ထိုက်တန်ကောင်းမွန်စွာ ကြေညာနိုင်ရန် ဘုရားသခင်သည် သင်၏စိတ်နှလုံးနှင့် နှုတ်၌ရှိတော်မူပါစေသော်။

ဦးပဉ္စင်း - အာမင်။

ရဟန်း - အနန္တတန်ခိုးတော်ရှင်၊ အိုထာဝရဘုရားသခင်၊ အရှင်ဘုရား၏ သန့်ရှင်းသော ဧဝံဂေလိ တရားတော်မြတ်ကို ထိုက်တန်စွာ ကြေညာနိုင်ရန် တပည့်တော်၏ စိတ်နှလုံးနှင့်နှုတ်ကို သန့်ရှင်းစင်ကြယ် စေတော်မူပါဘုရား။

 

ဧဝံဂေလိကျမ်းစာဖတ်ရှုခြင်း

(အားလုံးလက်အုပ်ချီထားကြရန်)

ရဟန်း (ဦးပဉ္စင်း) - ဘုရားသခင်သည် သင်တို့နှင့် ရှိပါစေ။

ပရိတ်သတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

ရဟန်း (ဦးပဉ္စင်း) - (န) ရေးထားသော သန့်ရှင်းသော ဧဝံဂေလိကျမ်းတည်း။

ပရိတ်သတ် - အိုဘုရားသခင် ကိုယ်တော်ရှင်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေ။

ရဟန်း (ဦးပဉ္စင်း) - ဘုရားသခင်၏ ဧဝံဂေလိနှုတ်ကပါဌ်တော်ပေတည်း။

အားလုံး - အိုခရစ်တော်သခင် ကိုယ်တော်ရှင်အား ချီးမွမ်းတောမနာ ရှိပါစေ။

ရဟန်း - ဧဝံဂေလိနှုတ်ကပါဌ်တော်သည် တပည့်တော်တို့၏ အပြစ်များကို ခွင့်လွှတ်ခြင်း ချမ်းသော ပေးတော်မူပါစေ။

 

ယုံကြည်ခြင်းကို ဝန်ခံခြင်း

ရဟန်း - ယုံကြည်ခြင်းကို ဝန်ခံကြစို့။

အားလုံး - တစ်ဆူတည်းသော ထာဝရဘုရားရှင်ဖြစ်တော်မူ၍ ကမ္ဘာမိုးမြေနှင့် မြင်နိုင်ရာ မမြင်နိုင်ရာတို့ကို ဖန်ဆင်းတော်မူသော အနန္တတန်ခိုးတော်ရှင် အဖခမည်းတော် ဘုရားရှင်အား ကျွန်ုပ်ယုံကြည်ပါ၏။ ခမည်းတော်ဘုရားမှ ထာဝရကဖွားမြင်တော်မူသော၊ တစ်ပါးတည်းသောသားတော်၊ တစ်ပါးတည်းသောသခင်၊ ယေဇူးခရစ်တော် ဘုရားရှင်အား ကျွန်ုပ်ယုံကြည်ပါ၏။ ဤအရှင်သည် စစ်မှန်သော ဘုရားမှဘုရား၊ အလင်းမှအလင်း၊ ဘုရားစစ်မှ ဘုရားစစ်ဖြစ်တော်မူ၏။ ဖန်ဆင်းခြင်းမခံ ဖွားမြင်ခြင်းကို ခံတော်မူသဖြင့် ခမည်းတော်နှင့် ဘုရားဇာတိတော်၌ တစ်လုံးဝတည်း ဖြစ်တော်မူ၏။ သားတော်ဘုရားအားဖြင့် အရာခပ်သိမ်းတို့သည် ဖန်ဆင်းခြင်းခံကြရကုန်၏။ ဤသားတော်ဘုရားသည် ကျွန်ုပ်တို့လူသားများကို ကယ်တင်အံ့သောငှါ ကောင်းကင်ဘုံမှ ဆင်းကြွလာတော်မူ၏။ (ဦးညွတ်ရန်)

သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ လူသားစင်စစ်ပင်ဖြစ်တော်မူ၏။ ပုံစီဦးလာတူးမင်းလက်ထက် ကျွန်ုပ်တို့အဖို့ လက်ဝါးကပ်တိုင် တင်ခံရ၍ အသက်တော် စွန့်တော်မူသည့်တိုင်အောင် ဒုက္ခဝေဒနာခံယူတော်မူ၍ သင်္ဂြိုဟ်ခြင်းကို ခံတော်မူ၏။ ရှေးကျမ်းလာသည့်အတိုင်း တတိယနေ့တွင် သေသူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူ၏။ ကောင်းကင်ဘုံသို့ တက်ကြွတော်မူ၍ ခမည်းတော်ဘုရား၏ လက်ယာတော်ဘက်မှာ စံပယ်တော်မူ၏။ ထိုမှဘုန်းတန်ခိုးတော်နှင့် တစ်ဖန်ကြွလာတော်မူ၍ ရှင်သူသေသူတို့ကို စီရင်တော်မူလိမ့်မည်။ ကိုယ်တော်ရှင်၏ နိုင်ငံတော်သည် အဆုံးမဲ့ထာဝရ အစဉ်တည်နေမည်။ အသက်ပေးတော်မူသောအရှင် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားအားလည်း ကျွန်ုပ်ယုံကြည်ပါ၏။ ဤဝိညာဉ်တော်ဘုရားသည် ခမည်းတော်ဘုရားနှင့် သားတော်ဘုရားမှ ပေါ်ထွက်လာတော်မူ၍ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့်အတူတကွ ချီးမွမ်းကိုးကွယ်ခြင်းကို ခံတော်မူ၏။ ပရောဖက်များအားဖြင့် ဗျာဒိတ်ပေးတော်မူသော တစ်ပါးတည်းသော သန့်ရှင်းသော ကက်သလစ်သာသနာတော်ကိုလည်း ကျွန်ုပ်ယုံကြည်ပါ၏။ အပြစ်တို့ကို ချွတ်သော ဆေးကြောြခင်းမင်္ဂလာ တစ်ပါးတည်းရှိသည်ကို ကျွန်ုပ်ဝန်ခံပါ၏။ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းနှင့် နောင်ဘဝတွင် ထာဝရအသက်ရှင်ခြင်းကိုလည်း ကျွန်ုပ်စောင့်မျှော်နေပါ၏။ အာမင်။

 

အားလုံး - အားလုံးစုံကို တတ်နိုင်တော်မူထသော်၊ မိုးမြေတို့ကို ဖန်ဆင်းတော်မူထသော၊ ခမည်းတော်ဘုရးကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ ခမည်းတော်၏ တစ်ပါးတည်းသောသားတော် ယေဇူးခရစ်တော် ကျွန်ုပ်တို့၏ သခင်သည်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကဋိသန္ဓေယူတော်မူ၍ ကညာမာရီယာမှ ပေါက်ဖွားတော်မူသည်။ ပုံစီဦးပီလာတူးမင်းလက်ထက်၊ ဒုက္ခစရိယာကျင့်ခံတော်မူ၍ တံကျင်၌သတ်ထားသဖြင့် အသက်တော်ထွက်၍ အလောင်းတော်ကို သင်္ဂြိုဟ်သည်။ အောက်နိမ့်ရာအရပ်သို့ ဆင်းကြွတော်မူ၍ တတိယနေ့တွင် သေသည့်သူတို့အစုမှ ရှင်ပြန်ထမြောက်တော်မူသည်။ ကောင်းကင်ဘုံသို့ တက်တော်မူ၍ အလုံးစုံကို တတ်နိုင်တော်မူသော ခမည်းတော်ဘုရား လက်ယာဘက်မှာ ထိုင်၍နေတော်မူသည်။ ထိုမှ ရှင်သူသေသူလူတို့ကို စီရင်စစ်ကြောတော်မူရန် ကြွလာတော်မူလိမ့်မည်။ ဤအကြောင်းအချက်တို့ကို ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကိုလည်းကောင်း၊ သူတော်သူမြတ် အပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍ အချင်းချင်းအကျိုးကုသိုလ်တို့ကို ခံစားရကြောင်း၊ အပြစ်ဟူသမျှကို လွှတ်ကြောင်း၊ ကိုယ်ခန္ဓာရှင်ပြန်ထမြောက်မည့်အကြောင်း၊ အစဉ်ထာဝရ အသက်ရှင်မည့် အကြောင်းတို့ကိုလည်း ယုံကြည်လေးမြတ်ခြင်းရှိပါ၏။ အာမင်။

 

အထွေထွေ ဆုတောင်းခန်း

ရဟန်း - ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့ တောင်းလျှင်ရလိမ့်မည်။ ရှာလျှင်တွေ့လိမ့်မည်။ ခေါက်လျှင်ပွင့်လိမ့်မည်ဟု ယေဇူးသခင်မိန့်တော်မူခဲ့သည်ဖြစ်၍ ကက်သလစ်သာသနာတော်၌ လိုအပ်သမျှကျေးဇူး အဖြာဖြာတို့ကို ယေဇူးခရစ်တော်ဘုရားရှင်အားဖြင့် အဖခမည်းတော်ဘုရားထံ တစ်ညီတစ်ညွတ်တည်း တောင်းလျှောက်ကြပါစို့။

 

သံပြိုင် - တပည့်တော်တို့ တောင်းလျှောက်ရာကို နားညောင်းတော်မူပါ။

အတိုင်   ၁။ အမိကက်သလစ်သာသာနာတော်အား ကောင်းချီးမင်္ဂလာ ပေးတော်မူ၍ သာသနာပိုင်ချုပ် ပုပ်ရဟန်းမင်းကြီး (န) အရှင်သူမြတ်အား ကာကွယ်စောင့်ရှောက်တော်မူပါမည့်အကြောင်း။

         ၂။ (သာသနာအမည်) ကက်သလစ်ဂိုဏ်းချူပ် (အုပ်) သာသနာပိုင် ဆရာတော် (န)၊ ရှိရှိသမျှသော ဆရာတော်ကြီးများ၊ ရဟန်းသံဃာတော်များ၊ ကိုရင်ကြီးများ၊ သီလရှင်များနှင့် ဓမ္မဆရာ၊ ဆရာမအပေါင်းတို့သည် ကိုယ်တော်ရှင်၏ အလိုတော်ကို စိတ်အားထက်သန်စွာ လိုက်နာဆောင်ရွက်ကြလျက် ကိုယ်တော်ရှင်လူမျိုးနွယ်တော်ကို တရားလမ်းတော်၌ ဦးဆောင်စေတော်မူပါမည့်အကြောင်း။

         ၃။ လူငယ်များစွာတို့အား သူတော်စင်ဘောင်သို့ ဝင်လိုသော စိတ်ဆန္ဒကို ပေးသွင်းတော်မူ၍ ထိုဘောင်သို့ လျှောက်လှမ်းရာ၍ လိုအပ်သော ခွန်အား ကျေးဇူးများကို ပေးသနားတော်မူပါမည့်အကြောင်း။

         ၅။ အသီးအနှံများ ပေါများစေ၍ ပျက်စီးခြင်းမှ ကင်းလွတ်စေတော်မူပြီး မီးဘေး၊ လေဘေး၊ ရေဘေး၊ ရောဂါဝေဒနာ၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် စစ်မက်ဘေးရန်တို့မှ တပည့်တော်တို့ကို ကာကွယ်စောင့်ရှောက် တော်မူပါမည့်အကြောင်း။

         ၆။ ဘမ္ဘာတစ်ဝန်းလုံး၌ ငြိမ်းချမ်းသာယာခြင်း ရှိစေတော်မူ၍ မြန်မာနိုင်ငံတစ်ဝန်းလုံး၌လည်း ကိုယ်တော်ရှင်၏ သာသနာတော်ကို ထွန်းကားစေတော်မူပါမည့်အကြောင်း။

ရဟန်း - တပည့်တော်တို့၏ ခွန်အားကျေးဇူးနှင့် မှီခိုရာဖြစ်တော်မူသော အိုအဖဘုရားသခင်၊ ယေဇူးကိုယ်တော်ရှင်အားဖြင့် ချစ်သားသမီးများ တောင်းလျှောက်ရာကို နာယူတော်မူပါဘုရား။

အားလုံး - အာမင်။

 

ကိုယ်တော်မြတ် ပတ္ထနာတော်

ရဟန်း - ဘုရားသခင်သည် သင်တို့နှင့် ရှိပါစေ။

ပရိသတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

ရဟန်း - ဘုရားသခင်အား အာရုံပြုကြလော့။

ပရိသတ် - အာရုံပြုလျက်ရှိကြပါသည်။

ရဟန်း - ကျွန်ုပ်တို့အရှင် ဘုရားသခင်အား ကျေးဇူးတင်ကြစို့။

ပရိသတ် - ကျေးဇူးတင်ထိုက် တင်အပ်လှပေသည်။

အားလုံး - သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့၏ အရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ ကောင်းကင်နှင့် မြေကြီးသည် ကိုယ်တော်ရှင်၏ ဘုန်းတော်ဂုဏ်တော်နှင့် ပြည့်နှက်လျက်ရှိ၏။ အမြင့်ဆုံးသောအရပ်၌ အိုဇန်နာဖြစ်စေသတည်း။ ဘုရားရှင်၏ နာမတော်မြတ်၌ ကြွလာတော်မူသော ကိုယ်တော်ရှင်သည် မင်္ဂလာရှိတော်မူ၏။ အမြင့်ဆုံးသောအရပ်၌ အိုဇန်နာဖြစ်စေသတည်း။

ရဟန်း - သင်တို့အားလုံး ဤအရာကိုယူ၌စားကြလော့၊ ဤသည်ကား သင်တို့အဖို့ အပ်နှံခံရမည့် ငါ၏ ဓန္ဓာကိုယ်ဖြစ်သတည်း။

ရဟန်း - သင်တို့အားလုံး ဤဖလားတော်ကိုယူ၍ သောက်ကြလော့။ ဤသည်ကား အပြစ်များကို ချွတ်လွှတ်ခြင်း အလို့ငှါ သင်တို့နှင့်လူအများဖို့ သွန်းလောင်းခံရမည့် ထာဝရ ပဋိညာဉ်သစ်နှင့်ဆိုင်ရာ ငါ၏သွေးတော်ဖလားဖြစ်၏။ ငါ့ကို အောက်မေ့သတိရခြင်းငှါ ဤအမှုကိုပြုကြလော့။

 

နက်နဲလှသော ယုံကြည်ရာအချက်ပေတည်း။

အားလုံး - အိုသခင်၊ ကိုယ်တော်ရှင် တစ်ဖန်ကြွလာတော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်၏ အသေခံတော်မူခြင်းကို တပည့်တော်တို့ ကြွေးကြော်ကြ၍ ကိုယ်တော်ရှင်၏ ရှင်ပြန်ထမြောက်တော်မူ ခြင်းကိုလည်း တပည့်တော်တို့ ဝန်ခံကြပါသည်။

(ရဟန်း ဆုတောင်းအပြီးတွင် ပရိသတ်အားလုံးမှ)

အားလုံး - အာမင်။

 

ကိုယ်တော်ြမတ် ပင့်ယူခန်း

ရဟန်း - သခင်ယေဇူး၏ အမိန့်တော်ကို နာခံ၍ကိုယ်တော်ရှင် စီရင်သင်ကြားတော်သူခဲ့သော ပတ္ထနာတော်ကို ရဲဝံ့စွာ ရွတ်ဆိုကြစို့။

အားလုံး - ကောင်းကင်ဘုံ၌ ကိန်းဝပ်တော်မူသော တပည့်တော်တို့အဖ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော်။ ကိုယ်တော်၏ နိုင်ငံတော်သည် ရောက်ပါစေသော်။ ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်၌လည်း ကိုယ်တော်၏အလိုတော်သည် ပြည့်စုံပါစေသော်။

နေ့စဉ်မပြတ် အလိုရှိအပ်သော အရာအစားတို့ကို တပည့်တော်တို့အား ယနေ့၌ပင်ပေးသနားတော်မူပါ။ တပည့်တော်တို့ကို ထိခိုက်ကျူးလွန်သော သူတို့အား တပည့်တော်တို့ ခွင့်လွှတ်သကဲ့သို့ တပည့်တော်တို့၏ အပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါ။ နှောင့်ယှက်ခြင်းအမှုတို့၌ တပည့်တော်တို့ကို ပါဝင်ခြင်းမရှိစေဘဲလျက် မကောင်းဟူသမျှနှင့် ကင်းလွင်စေတော်မူပါ။

ရဟန်း - ဆုတောင်းအပြီးတွင်

ပရိသတ် - အကြောင်းမူကား ရွှေနိုင်ငံတော်၊ တန်ခိုးအာနုဘော်တော်နှင့် ဘုန်းတော်ဂုဏ်တော်ကို ကိုယ်တော်ရှင် တစ်ပါးတည်းသာလျှင် ကာလအဆက်ဆက် စိုးပိုင်တော်မူပါသည် ဘုရား။

ရဟန်း -

အားလုံး - အာမင်။

ရဟန်း - ဘုရားသခင်၏ ငြိမ်းချမ်းခြင်းသည် သင်တို့နှင့်အစဉ်ရှိပါစေ။

ပရိသတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

ရဟန်း - အချင်းချင်း ငြိမ်းချမ်းခြင်း အမှတ်လက္ခဏာကို ကမ်းလှမ်းကြပါစို့။

အားလုံး - လောကအပြစ်ကို ချွတ်တော်မူသော ထာဝရဘုရား၏ သိုးငယ်တော် တပည့်တော်တို့ကို သနားတော်မူပါ။

လောကအပြစ်ကို ချွတ်တော်မူသော ထာဝရဘုရား၏ သိုးငယ်တော် တပည့်တော်တို့ကို သနားတော်မူပါ။

လောကအပြစ်ကို ချွတ်တော်မူသော ထာဝရဘုရား၏ သိုးငယ်တော် တပည့်တော်တို့အား ငြိမ်းချမ်းခြင်းကို ပေးတော်မူပါ။

 

ကိုယ်တော်မြတ် ပင့်ယူရန် ဖိတ်ခေါ်ခြင်း

ရဟန်း - ထာတရဘုရား၏ သိုးငယ်တော်ကို ဖူးမြော်ကြလော့။ လောကအပြစ်ကို ချွတ်တော်မူသော ဘုရားရှင်ကို ဖူးမြော်ကြလော့။ သိုးငယ်တော်၏ ညစာစားပွဲတော်သို့ ဖိတ်ခေါ်ခြင်းခံရသူတို့သည် မင်္ဂလာရှိကြ၏။

အားလုံး - အိုသခင်ဘုရား၊ တပည့်တော်၏ အိမ်မိုးအောက်သို့ ကိုယ်တော်ရှင်ကြွဝင်တော်မူခြင်းကို ခံယူရန် တပည့်တော် မထိုက်တန်ပါ။ သို့ရာတွင် တစ်ခွန်းမျှသော အမိန့်ရှိတော်မူပါလျှင် တပည့်တော်၏ ဝိညာဉ်သည် သန့်ရှင်းစင်ကြယ်ပါလိမ့်မည်။

ရဟန်း - ခရစ်တော်၏ ခန္ဓာတော်။

ပင့်ယူသူ - အာမင်။

 

နိဂုံးချုပ် ဝိနည်း

ရဟန်း - ဘုရားသခင်သည် သင်တို့နှင့် ရှိပါစေ။

ပရိသတ် - ကိုယ်တော်၏ ဝိညာဉ်နှင့်လည်း ရှိပါစေ။

ရဟန်း - ကောင်းချီးပေးခြင်း

ပရိသတ် - အာမင်။

 

ရဟန်း - မစ္ဆားပူဇော်ခြင်းပြီးပါပြီ။ သွားကြလော့။

         (သို့မဟုတ်)

         သွးကြ၍ ဘုရားသခင်၏ ဧဝံဂေလိတရးတော်ကို ကြေညာဟော ပြောကြလော့။

         (သို့မဟုတ်)

         ငြိမ်းချမ်းခြင်း၌ သွားကြ၍ သင်တို့ဘဝ အသက်တာအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ဂုဏ်တော်ကို ထင်ရှားစေကြလော့။

         (သို့မဟုတ်)

         ငြိမ်းချမ်းခြင်း၌ သွားကြလော့။

ပရိသတ် - ဘုရားသခင်အား ကျေးဇူးတင်ပါသည်။